ဇန်နဝါရီ ၉

ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ် JN.1 ရောဂါကူးစက်ခံရသူလေးဦးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။

အဆိုပါရောဂါကူးစက်ခံရသူအားလုံးသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ်၏လက္ခဏာများ အနည်းငယ်သာရှိကြောင်း ယမန်နေ့ညနှောင်းပိုင်းက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ၎င်းတို့အားလုံး ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်ပြီဖြစ်ကြောင်းထပ်လောင်းဖော်ပြထားသည်။၎င်းတို့၏ကျန်းမာရေးအခြေအနေကို ကြပ်မတ်စောင့်ကြည့်လျက်ရှိသည်ဟု သိရသည်။ နိုင်ငံအတွင်းရှိ နိုင်ငံတကာလေဆိပ်များ၌ဝင်ပေါက်ထွက်ပေါက်များ အားလုံးတွင် ထိုရောဂါကူးစက်မှုရှိမရှိစစ်ဆေးသည့်စက်ကိရိယာများရှိပြီး နိုင်ငံတကာကျန်းမာရေးစည်းမျဉ်းများ၏ အကြံပြုချက်များအတိုင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို