ဖေဖော်ဝါရီ ၂၄

 

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၅၅ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း အန်စီအိုစီစင်တာက ယနေ့တွင် ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၀၅၃၂၈ အထိ မြင့်တက်လာသည်ဟု ထိုစင်တာကဆိုသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ၁၈ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၀၁၁၄ ဦးရှိသည်ဟု သိရသည်။

 

ပါကစ္စတန်နိုင်ငံတောင်ပိုင်းဆင်းရှ်ပြည်နယ်သည် ကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၅၆၅၉၇၅ ဦးရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၁၄၁၂၄၂၉ ဦးရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို