ပါကစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၅၃ ဦး ထပ်မံတွေ့ရှိ

ဩဂုတ် ၁၁
ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၅၃ ဦးတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၅၆၀၉၅၅ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီဌာနက ယနေ့တွင် ပြောကြားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း တစ်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၀၅၀၉ ဦးအထိ ရှိသည်ဟု ထိုဝန်ကြီးဌာန၏အချက်အလက်ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဆိုင်ရာ စမ်းသပ်စစ်ဆေးမှု ၁၁၃၈၈ ခု ပြုလုပ်ပြီးဖြစ်ကြောင်းနှင့် လတ်တစ်လောတွင် ကူးစက်မှုနှုန်း ၃ ဒသမ ၁၀ ရာခိုင်နှုန်း ရှိကြောင်း ယနေ့တွင် ဖော်ပြထားသည်။
နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၁၅၅ ဦး မှာ စိုးရိမ်ဖွယ်ရာအခြေအနေရှိသည်ဟု တရားဝင်ထုတ်ပြန်ထားသော အချက်အလက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို