ဇူလိုင်

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခီဘာပါ့ထန်ဟွာပြည်နယ် ရှန်ဂလာခရိုင်တွင် ယမန်နေ့က မြေပြိုမှုဖြစ်ပွားသဖြင့် ကလေးရှစ်ဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားသည်။

ကလေးအုပ်စုတစ်စုသည် သဲတောင်ပူစာတစ်ခု၏အောက်ခြေရှိမြေကွက်လပ်တစ်ခုတွင် ခရစ်ကက်ကစားနေကြပြီး မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်ကယ်ဆယ်ရေးအဖွဲ့ဝမ်းဝမ်းတူးတူးက ထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြထားသည်။

ပါကစ္စတန်စစ်တပ်မှကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံစေတနာ့ဝန်ထမ်းများ၊ ကယ်ဆယ်ရေးအဖွဲ့ဝမ်းဝမ်းတူးတူးတို့က ယမန်နေ့ညနှောင်းပိုင်းအထိ နာရီပေါင်းများစွာကြာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပြီးနောက် အပျက်အစီးများအောက်မှရှစ်ဦးအလောင်းနှင့် ဒဏ်ရာရသူတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

အဆိုပါမြေပြိုမှုဖြစ်ပွားခြင်းသည် ဇူလိုင်လ ရက်နေ့ကစတင်ကာ သည်းထန်စွာရွာသွန်းခဲ့သောမိုးကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကယ်ဆယ်ရေးအဖွဲ့က ပြောကြားသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို