ဇူလိုင် ၁၃
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ယမန်နေ့က သုံးထပ်အဆောက်အအုံ တစ်လုံးမီးလောင်မှုကြောင့် မိသားစုဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။
ပန်ဂျပ်ပြည်နယ်မြို့တော်လာဟိုးတွင် ယမန်နေ့အစောပိုင်းက လူနေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိုမီးလောင်မှုအတွင်း မိသားစုဝင်များအားလုံး ပိတ်မိနေသည်ဟု ရဲတပ်ဖွဲ့က ဒေသတွင်းမီဒီယာကို ပြောကြားသည်။
ထိခိုက်သေဆုံးသူများသည် နေအိမ်တစ်ခုလုံးမီးလောင်ကျွမ်းမှုကြောင့် ထွက်ပြေးချိန်မရရှိပဲ အနောက်ဘက် အခန်းအတွင်းတွင် ပိတ်မိခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ထိုသေဆုံးသူများတွင် အမျိုးသမီးများနှင့်ကလေးများ ခုနစ်ဦးထက်မနည်းပါဝင်သည်ဟု ဖော်ပြထားသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ မီးလောင်မှုဖြစ်ပွားသည့်အကြောင်းအရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်နေသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို