ဇွန် ၂၃
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ခိုင်ဘာပါ့ထဝါပြည်နယ်တွင် လွန်ခဲ့သော ၄၈ နာရီအတွင်း မိုးများသည်းထန်စွာရွာသွန်းခြင်း၊ မုန်တိုင်းများတိုက်ခတ်ခြင်းနှင့် မိုးကြိုးများပစ်ခံရခြင်းတို့ကြောင့် ခြောက်ဦးထက်မနည်းသေဆုံးပြီး အခြားငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ ပီဒီအမ်အေက ယမန်နေ့ကပြောကြားသည်။
ရာသီဉတုနှင့်ဆက်စပ်သည့်မတော်တဆမှုများကြောင့် ဇွန် ၂၀ ကစတင်ကာ ခရိုင်အများအပြားတွင် ပျက်စီးမှုများပြားခဲ့သည်ဟု ဖော်ပြထားသည်။
ထိုပြည်နယ်တစ်ဝန်းတွင် နေအိမ်ခုနစ်လုံးပျက်စီးခဲ့ရာ နေအိမ်ငါးလုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးပြီး နှစ်လုံးမှာလုံးဝပျက်စီးသွားကြောင်း ဖော်ပြထားသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေးလုပ်ငန်းများချက်ချင်းဆောင်ရွက်ပေးကြရန်နှင့် ဆေးဝါးကုသမှုများ အကောင်းမွန်ဆုံး လုပ်ဆောင်ပေးကြရန် ဒေသဆိုင်ရာအာဏာပိုင်များက ညွှန်ကြားထားသည်ဟု ပီဒီအမ်အေက ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို