အောက်တိုဘာ ၃

ပါကစ္စတန်နိုင်ငံတွင် ဇွန်လလယ်ပိုင်းမှစတင်ကာ မုတ်သုံမိုးရွာသွန်းမှုကြောင့်  သေဆုံးသူ ၁၆၉၅ ဦးရှိလာပြီး  ၁၂၈၆၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့( အင်န်ဒီအမ်အေ )က ယမန်နေ့က ပြောကြားသည်။

အင်န်ဒီအမ်အေ၏ သတင်းထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းတွင် မိုးနှင့်ဆက်စပ်သည့်မတော်တဆမှုများကြောင့် သေဆုံးသူများတွင် အမျိုးသမီး ၃၄၀ နှင့် ကလေးငယ် ၆၃၀ တို့ပါဝင်သည်ဟု သိရသည်။

နိုင်ငံတောင်ပိုင်းဆင်းဒ်ပြည်နယ်သည် ရေဘေးသင့်အဆိုးရွားဆုံးဒေသဖြစ်ပြီး ၇၅၉ ဦး သေဆုံးခဲ့ပြီး အနောက်တောင်ပိုင်း ဘာလိုချီစတန်နှင့် အနောက်မြောက်ပိုင်း ခီဘာပတ်ထန်ဝါပြည်နယ်တို့တွင် ၃၃၆ ဦးနှင့် ၃၀၇ ဦးတို့အသီးသီး သေဆုံးခဲ့ကြသည်။

ပါကစ္စတန်နိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် ခရိုင် ၈၄ ခုနှင့် လူပေါင်း ၂၀၄၅၃၄၉ ဦး ရေဘေးသင့်ခဲ့ရသည်။

အဆိုပါမုတ်သုံမိုးရွာသွန်းမှုကြောင့် နေအိမ် ၂၀၄၅၃၄၉ လုံး၊ တံတာအစင်းရေ ၄၄၀နှင့် မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၁၁၆၂၁၂၂ သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို