အစ္စလာမ္မာဘတ်    ဒီဇင်ဘာ    ၁၆

ပါကစ္စတန်အစိုးရသည် နိုင်ငံအတွင်း ပိုလီယိုရောဂါကင်းစင်ရန်အတွက် ပိုလီယို ရောဂါတိုက်ဖျက်ရေး       လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ နိုင်ငံအတွင်းရှိ  ကလေးများကို  ပိုလီယို ရောဂါကာကွယ်ဆေး တိုက်ကျွေးမည်ဟု သိရသည်။

လက်ရှိအချိန်တွင်   နိုင်ငံအတွင်း ပိုလီယိုရောဂါဖြစ်ပွားသူ ၆၃ ဦးအထိ ရှိခဲ့ သည်။  ၎င်းအစီအစဉ်အရ   ကျန်းမာရေး ဝန်ထမ်း ၄၀၀၀၀၀ ကျော်သည် ခရိုင် ၁၄၃ ခုရှိ ကလေး ၄၄ သန်းကျော်အား ပိုလီယို ရောဂါ ကာကွယ်ဆေးတိုက်ကျွေးမည်ဖြစ်သည်။

ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေးမှုသည်    ကလေးများအား ရောဂါမှ ကာကွယ်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း  ပိုလီယိုရောဂါပပျောက်အောင် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ် ရှာဘတ် ရှာရိဒ်ကပြောကြားသည်။  ကလေးတိုင်း ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေးမှုခံယူရန်အတွက် မိဘများတွင်တာဝန်ရှိကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားသည်။ ကာကွယ်ဆေးတိုက်ကျွေးခြင်းဖြင့် ကလေးများ၏ အနာဂတ်ဘဝ သာယာမည်ဖြစ်ပြီး နိုင်ငံကို အလုပ်အကျွေးပြုနိုင်သည့် ပညာတတ်များ အများအပြားပေါ်ထွက် လာမည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ