အောက်တိုဘာ ၂၁

 

ပါကစ္စတန်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုဆက်လက်မြင့်တက်လျက်ရှိပြီး တစ်ဦးထပ်မံသေဆုံးကြောင်း သိရသည်။

 

ထိုရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူမှာ ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်းမှဖြစ်သည်ဟု ယင်းပြည်နယ်ကျန်းမာရေးဦးစီးဌာနက ယမန်နေ့ကပြောကြားသည်။

 

ပန်ဂျပ်ပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃၀၇ ဦးထပ်မံတွေ့ရှိပြီး ယခုနှစ်အတွင်း ထိုရောဂါဖြစ်ပွားသူပေါင်း ၁၂၁၁၁ ဦးရှိလာသည်ဟု ဖော်ပြထားသည်။

 

ဆင်းဒ်ပြည်နယ်တောင်ပိုင်းတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၉၉ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ထိုပြည်နယ်ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ညပိုင်းက ပြောကြားသည်။

 

မြို့တော် အစ္စလာမာဘတ်တွင် တစ်ရက်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၉၈ ဦး ထပ်မံတွေ့ရှိရာ ယခုနှစ်အတွင်း ထိုမြို့တော်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူပေါင်း ၄၁၉၅ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို