အောက်တိုဘာ ၂၇
ပါကစ္စတန်နိုင်ငံသည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရေအတွက် မြင့်မားမှုနှင့် ရင်ဆိုင်နေရပြီး ထိုရောဂါဖြစ်ပွားမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူနှစ်ဦးစလုံးသည် ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်းမှဖြစ်သည်ဟု ပြည်နယ်ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။
ပန်ဂျပ်ပြည်နယ်တွင် ထိုရောဂါဖြစ်ပွားသူ ၂၉၃ ဦး၊ ထိုပြည်နယ်မြို့တော်တွင် ၁၄၂ ဦး၊ ရာဝါပင်ဒီမြို့တွင် ၅၉ ဦးတို့ထပ်မံတွေ့ရှိခဲ့ကြောင်းနှင့် ယခုချိန်အထိ ပန်ဂျပ်ပြည်နယ်တွင် ရောဂါဖြစ်ပွားသူ ၁၃၇၄၂ ဦးအထက် ရှိလာကြောင်း သတင်းဖော်ပြထားသည်။
ဆင်းဒ်ပြည်နယ်တွင် ထိုရောဂါဖြစ်ပွားသူ ၂၂၀ ထပ်မံတွေ့ရှိကြောင်းနှင့် ထိုပြည်နယ်မြို့တော်ကရာချိသည် ထိုရောဂါဖြစ်ပွားမှုအများဆုံးဒေသဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၁၃၀ ထပ်မံတွေ့ရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ယမန်နေ့ညနေပိုင်းကပြောကြားသည်။
မြို့တော်အစ္စလာမာဘတ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ထိုရောဂါဖြစ်ပွားသူ ၆၄ ဦး ထပ်မံတွေ့ရှိပြီး ယခုချိန်အထိ ထိုမြို့တော်တွင် ရောဂါဖြစ်ပွားသူ ၄၅၅၂ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို