ဩဂုတ် ၄

 

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ် ဂျမ်ဟိုရိုခရိုင်တွင် ယနေ့မနက်စောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

 

ထိုခရိုင်၏ ကော့ထရီမြို့ရှိ ဒုတိယကော်မရှင်နာရုံးအနီးတွင် မိုဘိုင်းဗုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဗုံးရှင်းလင်းရေး ရဲတပ်ဖွဲ့က ပြောသည်။

 

အဆိုပါသေဆုံးသူမှာ ထိုဗုံးထောင်မှုပြုလုပ်နေစဉ်မှာပင် သေဆုံးသွားဖွယ်ရှိသည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။

 

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ စုံစမ်းစစ်ဆေးမှုထပ်မံလုပ်ဆောင်နေစဉ်အတွင်း အထောက်အထားများ စုဆောင်းလျက် ရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို