မေ ၃၁
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် ယမန်နေ့က ဓါတ်ငွေ့ဆလင်ဒါအိုးပေါက်ကွဲမှုဖြစ်ပွားသဖြင့် လူ ၄၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။ အဆိုပါမတော်တဆမှုသည် ဆင်းဒ်ပြည်နယ် ဟိုက်ဒရာဘတ်ခရိုင်ရှိ ဆလင်ဒါအိုးအရောင်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့ကမီဒီယာကို ပြောကြားသည်။
ထိုပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနီးနားရှိနေအိမ်များစွာသို့ လျင်မြန်စွာကူးစက်မှုဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့ကထပ်လောင်းပြောသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများ အနက် ၁၀ ဦးမှာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ကြောင်း သိရသည်။
မတော်တဆဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို