၂၀ မေ
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ်၊ ရှီကာပူခရိုင်တွင် တနင်္ဂနွေနေ့က ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူရှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရမီဒီယာများနှင့် ရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါ မတော်တဆမှုမှာ ရှီကာပူသို့လာသည့် ကားနှင့် အခြားဖက်မှလာသည့်ကားတို့ ခေါင်းချင်းဆိုင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။
ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက ယာဉ်တိုက်မှုဖြစ်ရာနေရာသို့ သွားရောက်ခဲ့ပြီး သေဆုံးသူများနှင့် ဒဏ် ရာရရှိသူများကို ခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
သေဆုံးသူများတွင် ကလေးလေးဦး ပါဝင်ခဲ့ပြီး နှစ်ဦးမှာ အရေးပေါ်အခြေအနေဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအားလုံးမှာ မိသားစုနှစ်ခုမှဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါ မတော်တဆမှုဖြစ်စဉ်သည် ကားကို အရှိန်လွန်မောင်းနှင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်