အစ္စလာမာဘတ် ဇန်နဝါရီ ၁၈

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိမြို့ရှိ ဈေးဝယ်စင်တာတစ်ခု၌  ဇန်နဝါရီ ၁၇ ရက် ညက မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ခြောက်ဦးသေဆုံးပြီး ၂၀ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားသည်။

အင်န်အေဂျင်နတ်လမ်းရှိ အထပ်မြင့်ဈေးဝယ်စင်တာတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း  ဆင်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဆာဒီယာ ဂျာဗက်က ပြောကြားသည်။  ဈေးဝယ်စင်တာရှိ အခြားအထပ်များသို့ ကူးစက်နေသည့် မီးကိုထိန်းချုပ်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ၄၀  ရာခိုင်နှုန်း  ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးဝယ်စင်တာရှိ ရောင်းကုန်များမှာ အဝတ်အထည်များ၊ အလှကုန်များ၊ လျှပ်စစ်ပစ္စည်းများနှင့် ပန်းကန်ခွက်ယောက်များဖြစ်သဖြင့် မီးလောင်မှုကို ပိုမိုအားကောင်းစေခဲ့ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ