၂၁ ဒီဇင်ဘာ
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန် ပြည်နယ်တွင် အကြမ်းဖက်သမားများနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန် စစ်ဘက်ဆိုင်ရာ ထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြထားသည်။
ဘာလိုချီစတန် ပြည်နယ်ရှိ အာဝါအန်အနီး ဂျတ်ဘာဇားတွင် အကြမ်းဖက်သမားများ ရှိနေကြောင်း ထောက်လှမ်းရေးသတင်း လက်ခံရရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့များသည် ရှာဖွေရှင်းလင်းရေး လုပ်ငန်း လုပ်ဆောင်ခဲ့သည်။
ထိုစစ်ဆင်ရေးတွင် အကြမ်းဖက်သမားများနှင့် အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တောင်ပိုင်းဆိပ်ကမ်းမြို့ကရာချီသို့ ၎င်းကို ချက်ချင်း ပို့ဆောင်ပေးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းမီဒီယာများက ယမန်နေ့ နှောင်းပိုင်းက ပြောကြားခဲ့သည်။
သို့ရာတွင် ထိုစစ်သားမှာ သွေးထွက်လွန်ပြီး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
လုံခြုံရေး တပ်ဖွဲ့များသည် ဂျတ်ဘာဇားဒေသ တစ်ခုလုံးကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့သည်။
မည်သည့် အုပ်စုကမျှ ထိုတိုက်ပွဲတွင် ပါဝင်ကြောင်း ဝန်ခံပြောကြားခြင်း မရှိပေ။
လုံခြုံရေး တပ်ဖွဲ့များ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဘာလိုချီလက်နက်ကိုင် အုပ်စုများ ပြစ်တင်ခြင်း ခံရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို