၆ ဩဂုတ်
ပါကစ္စတန်တောင်ပိုင်း ကရာချိမြို့တွင် ယမန်နေ့ ညနေပိုင်းက ဆန္ဒပြပွဲ တစ်ခုအတွင်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် လူငါးဉီး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသန္တရ မီဒီယာက ပြောကြားခဲ့သည်။
ကရာချိမြို့ ဗလီတစ်ခု အနီးရှိ ဆန္ဒပြပွဲ အတွင်းသို့ မော်တော်ဆိုင်ကယ်သမားများသည် လက်ဗစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသန္တရ ရဲတပ်ဖွဲ့က မီဒီယာသို့ ပြောကြားခဲ့သည်။
အိန္ဒိယလူမျိုးများ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား လူမျိုးများနှင့် သွေးစည်း ညီညွတ်မှုကို ဖော်ပြရန်အတွက် အဆိုပါ ဆန္ဒပြပွဲကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြသူနှင့်အတူ လိုက်ပါလာသူများမှာ ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံတစ်ခုသို့ ပြောင်းရွှေ့ခဲ့ပေးပြီး ၎င်းတို့အားလုံး၏ အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့၏ လက်ချက်မှန်း ယခုတိုင် မသိရှိရသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်