၂၉ ဧပြီ

 

ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု ကူးစက်ခံရသူ ၁၄၈၈၅ ဦး ရှိပြီး သေဆုံး ၃၂၇ ဦး ရှိလာကြောင်း ပါကစ္စတန်ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ယနေ့မနက်ပိုင်းက ဖော်ပြထားသော အချက်အလက်အရ သိရသည်။

 

နိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ၈၅၃၀ ဦး ကို စမ်းသပ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ အတည်ပြု ကူးစက်ခံရသူ ၈၀၆ ဦးနှင့် သေဆုံးသူ ၂၆ ဦး အနည်းဆုံးရှိကြောင်း ထိုကိန်းဂဏန်းများက ဖော်ပြထားသည်။

 

ကူးစက်ခံရသူ ၁၁၁၃၃ ဦးမှာ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေပြီး ကူးစက်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာသူ ၃၄၂၅ ဦး ရှိကြောင်း အတည်ပြုကူးစက်ခံရမှုနှုန်းမှာ ၂၃ ရာခိုင်နှုန်းရှိကြောင်း ထိုဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်း သည် ကူးစက်မှုအများဆုံးဒေသဖြစ်ရာ ကူးစက်ခံရသူ ၅၈၂၇ ဦးရှိပြီး တောင်ပိုင်း ဆင်ဒ်ပြည်နယ်တွင် ကူးစက်ခံရသူ ၅၂၉၁ ဦး ရှိသည်။

 

ပန်ဂျပ်ပြည်နယ်တွင် ကူးစက်ခံရသူ ၁၀၀ ဦး နှင့် ဆင်ဒ်ပြည်နယ်တွင် ၉၂ ဦး သေဆုံးခဲ့သည်။

 

ပါကစ္စတန်နိုင်ငံအနေဖြင့် ယခုအချိန်ထိ လူပေါင်း ၁၆၅၉၁၁ ဦး ကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို