၉ ဇွန်

 

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ယမန်နေ့ညပိုင်းက ရေနံချက်စက်ရုံ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် အလုပ်သမား သုံးဦး သေဆုံးပြီး အခြား ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသန္တရမီဒီယာက ဖော်ပြထားသည်။

 

ရေနံချက်စက်ရုံတွင် ရေနံဆီ လီတာ ၁၀ဝ၀ဝ၀ ခန့်ရှိပြီး ၎င်းစက်ရုံ၏ အခန်းတစ်ခန်းတွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းအဆောက်အအုံ အတွင်း အလုပ်သမား အများအပြား ပိတ်မိနေဆဲဖြစ်ကြောင်း အေအာဝိုင် သတင်းဌာနက ဖော်ပြသည်။

 

ဒဏ်ရာရရှိသော အလုပ်သမား ငါးဦးမှာ အခြေအနေ စိုးရိမ်ရပြီး ၎င်းတို့ကို အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ထပ်လောင်းဖော်ပြထားသည်။

 

ကယ်ဆယ်ရေး အဖွဲ့များနှင့် မီးသတ်သမားများသည် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ အမြန်ဆုံး ရောက်ရှိလာပြီး မီးသတ်ကား ရှစ်စီးဖြင့် မီးငြှိမ်းသတ်ရန် ကြိုးစားနေသည်။

 

အဆိုပါ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ယခုအချိန်ထိ မသိရှိရသေးပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို