ပါကစ္စတန်တွင် ရထားချင်းတိုက်မိရာ လူ ၁၀ ဦးသေ၊ ၅၀ ဒဏ်ရာရ

၁၁ ဇူလိုင်

ယနေ့နံနက်ပိုင်းက ပါကစ္စတန်အရှေ့ပိုင်း Rahim Yar Khan မြို့တွင် ခရီးသည်တင်ရထားတစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့ တိုက်မှုဖြစ်ပွားခဲ့ရာ ၁၀ဦးသေဆုံးခဲ့ပြီး အခြားသူ ၅၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ မီဒီယာများက ဖော်ပြခဲ့သည်။ 

 

j1

 

အဆိုပါ ခရီးသည်တင်ရထားကြောင့် မော်တော်ကားများစွာ လမ်းချော်ခဲ့ကြောင်းသိရသည်။ 

 

j3


 
အဆိုပါ မတော်တဆမှုဖြစ်ပွားပြီးချင်း ထိုဒေသအနီးအနားရှိ ဆေးရုံသို့ ကယ်ဆယ်ရေးနှင့် ရဲတပ်ဖွဲ့တို့က ဒဏ်ရာရရှိသူများကို အချိန်နှင့်တစ်ပြေးညီ ပြောင်းရွေ့ပေးခဲ့သည်ဟု ဆိုသည်။ 

သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများမှာ နောက်ထပ်မြင့်တက်လာဖွယ်ရှိကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။ 

ထို့အပြင် ပါကစ္စတန်တွင် ဆယ်စုနှစ်များနဲ့ချီ ရထားလမ်း အခြေခံအဆောက်အအုံကဏ္ဍ အားနည်းခဲ့ခြင်းကို ပြန်လည်သုံးသပ်ရန်နှင့် ဘေးကင်းလုံခြုံရေး စံနှုန်းများ ကောင်းမွန်ရေး အမြန်ဆုံး ဆောင်ရွက်ရန် ရထားပို့ဆောင်ရေးဝန်ကြီး ရှိတ်ခ် ရာရှစ်ဒ် အာမတ်အား ဝန်ကြီးချုပ် ခန်းက ညွှန်ကြားထားကြောင်းလည်း သိရသည်။

ပါကစ္စတန်တွင် ရထားလမ်း အခြေခံအဆောက်အအုံများ အရည်အသွေး မမီခြင်း၊ ရထား အာဏာပိုင်များဘက်က ပေါ့လျော့ခြင်းများကြောင့် ရထား မတော်တဆမှုများ မကြာမကြာ ဖြစ်ပွားရလျက်ရှိသည်။

အဆိုပါ ရထားလမ်းအသွားအလာကို မတော်တဆမှုဖြစ်ပွားပြီးနောက် ပိတ်ထားခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်