အဘူဒါဘီ ၁၇ ဇွန် 

ပျက်စီးသွားသည့် ဂျပန်ရေနံတင်သင်္ဘောသည် တနင်္ဂနွေနေ့က ယူအေအီးနိုင်ငံရှိ ကျောက်ချရပ်နားရာနေရာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ သင်္ဘောတိုက်ခိုက်ခံရမှုမှာ အီရန်၏လက်ချက်ဟု ဆော်ဒီအာရေဗျက စွပ်စွဲခဲ့သည်။ Kokuka Courageous အမည်ရှိ ဂျပန်သင်္ဘောပို့ဆောင်ရေးကုမ္ပဏီမှသင်္ဘောသည် မီးလောင်လွယ်သော မက်သနောဓာတ်ငွေ့ရည်ကို တင်ဆောင်လာပြီး အိုမန်ပင်လယ်ကွေ့တွင်  ကြာသပတေးနေ့က  တိုက်ခိုက်ခံခဲ့ရခြင်း  ဖြစ်သည်။  တစ်လအတွင်း  မဟာဗျူဟာမြောက်ရေကြောင်း သွားလာရေးလမ်းတွင်  နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခြင်းခံရခြင်းဖြစ်သည်။  အမေရိကန်သမ္မတ  ထရမ့်ကမူ  တိုက်ခိုက်မှုနှစ်ခုလုံး၏ နောက်ကွယ်တွင် အီရန်ရှိသည်ဟု စွပ်စွဲထားသည်။

Kokuka Courageous သင်္ဘောသည် Sharjah ရှိ ကျောက်ချရပ်နားရာနေရာသို့ လုံခြုံစိတ်ချစွာရောက်ရှိလာပြီဖြစ်ကြောင်း စင်ကာပူအခြေစိုက် BSM သင်္ဘောစီမံခန့်ခွဲရေးမှ တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ သင်္ဘောပေါ်တွင် ကျန်ရှိသည့်သင်္ဘောအမှုထမ်းအားလုံးမှာလည်း  ဘေးအန္တရာယ်ကင်းရှင်းကြောင်း  သိရသည်။  အပျက်အစီးများကို  အကဲဖြတ်ခြင်းနှင့် လွှဲပြောင်းပေးနိုင်ရေးစီစဉ်မှုများကို  ဆိပ်ကမ်းအာဏာပိုင်များက  လုံခြုံရေးအဆင့်အတန်း  စစ်ဆေးမှုများ  ပြုလုပ်ပြီးနောက် စတင်မည်ဖြစ်သည်။ 

အေအက်ဖ်ပီ