ပူတာအို     ၁၈   စက်တင်ဘာ     


ပူတာအိုမြို့နယ် ပါခီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန် မြှင့်တင်ရေးနှင့် ကျောင်းသားကျောင်းသူများ စာအုပ်စာပေစာဖတ်ရှုခြင်း အလေ့အထကောင်းများ ရရှိစေရန်အတွက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားပေးခြင်း၊ စာဖတ်ဝိုင်းနှင့်နံရံကပ်စာစောင်၊ ဟောပြောပွဲကို  ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ ဆောင်ရွက်သည်။


‌ရှေးဦးစွာ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးစိုးမိုးနိုင်က ကလေးဖတ်စာအုပ် သရုပ်ပြပုံပြင်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် ဟောပြောကာ ဝန်ထမ်းများက ကလေးစာပေ၊ အပျော်ဖတ်စာအုပ်များ၊ လက်တွေ့ပဟေဠိစာအုပ်များနှင့် ပေါင်း-နှုတ်-မြှောက်-စားလက်တွေ့စာအုပ်ပေါင်း (၅၀)ကို ငှားရမ်းပေးခဲ့ကာစာဖတ်ဝိုင်းများပြုလုပ်ပေးခဲ့သည်။


ထို့နောက် ကျောင်းသားကျောင်သူများက မိမိတို့ဖတ်မှတ် လေ့လာထားသောအကြောင်း အရာများကို အများရှေ့ထွက်၍ ပြန်လည်မျှဝေ ပေးခဲ့ကြပြီး ခင်းကျင်းပြသထားသော ဓာတ်ပုံ၊ပိုစတာနှင့် ပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြရာ ဝန်ထမ်းများက ရှင်းပြပေးခဲ့ကြကြောင်း သိရသည်။


ဆန်းညွှန့်(ပူတာအို)