ပခုက္ကူ ၂၄ စက်တင်ဘာ
ပခုက္ကူ-ကမ္မ-မင်းတပ်လမ်းပေါ်ရှိ ချောင်းမကိုင်းချောင်းရေကျော်တွင် ယနေ့နံနက်ပိုင်းက မိုးရွာသွန်းပြီး ချောင်းရေများကျလာသဖြင့် ယာယီလမ်းပိတ်မှုဖြစ်ပွားခဲ့သည်။
ပခုက္ကူမြို့မှ ၈မိုင် ခန့် အကွာ အဆိုပါ ချောင်းတွင် နံနက် ၅ နာရီခန့်မှ ၁၀ နာရီ ခွဲခန့်အထိ ယာယီလမ်းပိတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါချောင်းရေကျော်သည့်နေရာသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကော်မတီဝင်များက ကူညီဆောင်ရွက်လျက်ရှိရာ နံနက် ၁၀ ခွဲတွင် ကားတစ်စီးချင်း စတင်ဖြတ်သန်း ခွင့်ပြုလျက်ရှိကြောင်း သိရသည်။
ကိုဇော်(ဓာတု)



