ပခုက္ကူ  ၁၇  ဇွန်

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပခုက္ကူမြို့နယ်လမ်းဦးစီးဌာနမှ ပခုက္ကူ-ပေါက်-မင်းတပ်လမ်း၊ နတ်အင်း ချောင်းပေါ်ရှိ ရေကျော်ကို သံကူကွန်ကရစ်လမ်းအဖြစ်အဆင့်တိုးမြှင့် ဆောက်လုပ်လျက်ရှိသည်။

 

ပခုက္ကူ-ကျောက်ထု-ကံကြီး-မင်းတပ်လမ်းပေါ်ရှိ နတ်အင်းချောင်း ရေကျော်သည် ပခုက္ကူမြို့မှ မိုင်တိုင် (၁၆) မှ (၁၇)အတွင်းရှိပြီး လမ်းအရှည် ၁၂၄၅ ပေ၊ ယာဉ်ကြောလမ်းအကျယ် ၂၈ ပေ ရှိသည်။

 

ထိုရေကျော်လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၃၁၆ ဒသမ ဝ၀ဝ သန်းဖြင့် ပခုက္ကူမြို့နယ် လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ) တာဝန်ခံ ဦးသန်းတင့်အောင်၊ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်သန်းသန်းလဲ့တို့ ကြီးကြပ်မှုနှင့်အတူ ပခုက္ကူ-ကျောက်ထု-ကံကြီး-မင်းတပ်လမ်း 25.75km-26.35km ၊ မိုင် (၁၆/ဝ-၁၆/၃) အတွင်း (380m X 8.53m) (၁၂၄၅ ပေ၊ ၂၈ ပေ) အရှည် သံကူကွန်ကရစ်ရေကျော်တစ်စင်း (ချဉ်းကပ်လမ်းအပါအဝင်) တည်ဆောက်နေခြင်း ဖြစ်သည်။

 

တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ပြီး ၎င်းလမ်းအသုံးပြုသည့် ခရီးသည်များအနေဖြင့် ရာသီမရွေး အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး