ပခုက္ကူ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာ ငွေကျပ် ၁၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။
ပခုက္ကူကြက်သွန်ဈေးကွက်အတွင်း ပခုက္ကူမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်များမှ တောင်သူတွေထံက အများဆုံး ရောက်ရှိလာပြီး လက်ရှိချိန်တွင် မိုးကြက်သွန်နီများ ဝင်ရောက်လာလျက်ရှိကြောင်း၊ တစ်ရက်လျှင် အနည်းဆုံးပျမ်းမျှ ပိဿာချိန် ၁၀၀၀၀ ခန့်အထိ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ တစ်ပိဿာလျှင် အများဆုံးငွေကျပ် ၁၀၀၀ မှ ၃၀၀၀ အထိဈေးနှုန်းရှိပြီး လက်ရှိတွင် အများဆုံးငွေကျပ် ၁၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပခုက္ကူခရိုင် ကုန်သည်ပွဲစားများအသင်းထံက သိရသည်။
မြန်မာ့ထွက်ကုန်ဖြစ်သည့် ကြက်သွန်နီများမှာ ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပနိုင်ငံများကိုလည်း တင်ပို့ရောင်း ချနေရကြောင်း၊ ပခုက္ကူနှင့်ဆိပ်မြို့နယ်(အညာဒေသ)များရှိ သဲချောင်းနှင့် မြစ်ကမ်းနံဘေးနေရာများတွင် အဓိကစိုက်ပျိုးကြပြီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်းသိရ သည်။
(ခရိုင် ပြန်/ဆက်)


