ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာ ၈၉ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မကွေး ဩဂုတ် ၃

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် မကွေးခရိုင်အတွင်းရှိ ကျေးရွာ(၅၀)၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ပခုက္ကူရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

 

၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)အရ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့နယ်မှ ကျေးရွာ ၂၄ ရွာ၊ ရေစကြိုမြို့နယ်မှ ကျေးရွာ ၂၂ ရွာ၊ မြိုင်မြို့နယ်မှ ကျေးရွာ ၂၂ ရွာ၊ ပေါက်မြို့နယ်မှ ကျေးရွာ ခုနစ်ရွာ၊ ဆိပ်ဖြူမြို့နယ်မှ ကျေးရွာ ၁၄ ရွာ စုစုပေါင်း ကျေးရွာ ၈၉ ၌ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီနှင့် ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်လင်းနိုင်က ပြောသည်။

 

ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၂၁ ခု၊ ကျောက်ရေမြေနှင့် မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ၂၂ ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်း ၁၈ ခု၊ မီးရရှိရေးလုပ်ငန်း ၂၀ ခု၊ စာသင်ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း ခြောက်ခု၊ မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း ၄ ခု စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း ၉၃ ခုကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၈၉၀ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၁၃ ဒသမ ၁၃၈၇၃ သန်း စုစုပေါင်းငွေကျပ် ၁၀၀၉ ဒသမ ၁၃၈၇၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ခရိုင်ဦးစီးမှူး ဦးဇော်လင်းနိုင်က ဆက်လက်ပြောပြသည်။

 

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၈၉ ရွာရှိ ကျေးရွာနေပြည်သူများ၏  လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ကြောင်း သိရသည်။

 

ကျော်ဦး