ပခုက္ကူ ၁၁ စက်တင်ဘာ

ပခုက္ကူမြို့ အစိုးရနည်းပညာ အထက်တန်းကျောင်း သင်တန်းခန်းမတွင် လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းပွဲကို စက်တင်ဘာ ၁၁ ရက် နံနက် ၉ နာရီက ကျင်းပသည်။

 

21

 

ရှေးဦးစွာ ပခုက္ကူမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်ထူးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချိုပြုံးက  လူမှုဝန်ထမ်းဦးစီးဌာန၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ အစိုးရနည်းပညာ အထက်တန်းကျောင်းအုပ် ဆရာကြီး ဦးထွန်းကြိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

 

24

 

ထို့နောက် ပခုက္ကူမြို့နယ် လူငယ်ရေးရာကော်မတီ တွဲဘက်အတွင်းရေးမှူး ကိုရဲကျော်ထက်က လူငယ်မူဝါဒ ပေါ်ပေါက်လာပုံနှင့် ပခုက္ကူမြို့နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးဝေလျှံဖြိုးတို့က လူငယ်ရေးရာမူဝါဒအကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းပွဲသို့ အစိုးရနည်းပညာ အထက်တန်းကျောင်း  ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၂၂၀)ခန့် တက်ရောက်ကြောင်း သိရသည်။

ကိုတမာ