ပခုက္ကူ စက်တင်ဘာ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ အထွေထွေရောဂါကုဆေးရုံအတွင်း မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တည်ဆောက်ထားသော 60M3 အောက်ဆီဂျင်စက်ကို စက်တင်ဘာ၂၃ ရက် နံနက်ပိုင်းက စတင်လည်ပတ်စမ်းသပ် ထုတ်လုပ်နေပြီးဖြစ်သည်။
အဆိုပါအောက်ဆီဂျင်စက်မှာ တစ်နာရီလျင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၀အိုး ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်များ စတင်စမ်းသပ်ထုတ်လုပ်နေမှုကို ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ အမြန်ဆုံးဖြန့်ဝေပေးနိုင်ရေးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အောက်ဆီဂျင်စက်လည်ပတ်ရန် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်းဆောင် ရွက်မည်ဖြစ်ပြီး ဒေသအတွင်းရှိ အရေးပေါ်လူနာများနှင့် မိဘပြည်သူများ၏ အောက်ဆီဂျင် လိုအပ်မှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဟိန်းသူ(ပြန်/ဆက်)