ပခုက္ကူ စက်တင်ဘာ၂၃

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အထွေထွေရောဂါကုဆေးရုံအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ထားသော 60 M3 အောက်ဆီဂျင်စက်ကို ယနေ့ နံနက်ပိုင်းက စတင်စမ်းသပ် လည်ပတ်ကာ အောင်ဆီဂျင်များ ထုတ်လုပ်နေပြီးဖြစ်သည်။

 

အဆိုပါအောက်ဆီဂျင်စက်မှာ တစ်နာရီလျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၀ အိုး ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ အောက်ဆီဂျင်များ စတင်စမ်းသပ်ထုတ်လုပ်နေမှုကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ အမြန်ဆုံးဖြန့်ဝေပေးနိုင်ရေးကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

အောက်ဆီဂျင်စက်လည်ပတ်ရန် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး  ဒေသအတွင်းရှိ အရေးပေါ်လူနာများနှင့် မိဘပြည်သူများ၏ အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူ(ပြန်/ဆက်)