ပခုက္ကူ ၂၀ ဩဂုတ်
ပခုက္ကူမြို့၊ မြို့မလမ်းတစ်လျှောက် လမ်းလယ်ကျွန်းမှ ယခင်လမ်းမီးတိုင်များအစား၊ တိုင်အသစ်စိုက်ထူခြင်း၊ မီးတိုင်အသစ်များ တပ်ဆင်ခြင်းကို ဩဂုတ်လအတွင်း ဆောင်ရွက်လျက်ရှိသည်။
ယခင်က လမ်းလယ်ကျွန်းမီးတိုင်မှ လမ်းမီးသာ အသုံးပြုပြီး ယခုအခါ ၁၂ မီတာအမြင့် ကွန်ကရစ်တိုင်များ အစားထိုး စိုက်ထူခြင်း၊ မီးကြိုးအသစ်များ လဲလှယ်တပ်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
မီးကြိုးအသစ်များ တပ်ဆင်ပြီးပါက လမ်းဘေးမီးတိုင်များ ဖြုတ်သိမ်းပြီး လမ်းလယ်ကျွန်း မီးတိုင်များမှ ရုံးဌာန၊ လူနေအိမ်များသို့ မီးပေးသွားမည်ဖြစ်ပြီး လမ်းဧရိယာ ချဲ့ထွင်ရာတွင် မလွတ်ကင်းသည့် လမ်းဘေးမီးတိုင်များကို ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးစိုးဝေက ပြောကြားသည်။
ကိုဇော်(ဓာတု)


