ပခုက္ကူ၊ ၇ ဇန်နဝါရီ
ပခုက္ကူမြို့ မြို့မလမ်းဆုံမှစပြီး အရှည် ၁ မိုင် ၄ ဖာလုံ အကျယ် ၄၈ ပေရှိ မြိုင်လမ်းမကြီးကို နိုင်လွန်ကတ္တရာ (AC) လမ်းမကြီးအဖြစ် ဇန်နဝါရီ ၅ ရက်နေ့မှစ၍ မြတ်နိုးသူကုမ္ပဏီမှ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
မြိုင်လမ်းမကြီးကို မြို့မလမ်း (ပေါက်လမ်းမကြီး) လမ်းဆုံမှ ပခုက္ကူ - လက်ပံခြေပေါ်လမ်းမကြီး (ယခင်မြို့ရှောင်လမ်းမကြီး) အထိ အကျယ် ၄၈ ပေ၊ အရှည် ၁ မိုင် ၄ ဖာလုံကို နိုင်လွန်ကတ္တရာလမ်းမကြီးအဖြစ် မြတ်နိုးသူ ကုမ္ပဏီမှ BOT စနစ်အရ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ပခုက္ကူမြို့တွင် ယမန်နှစ်က နိုင်လွန်ကတ္တရာ (AC) လမ်းမကြီးများအဖြစ် မြို့မလမ်း (ပေါက်လမ်းမကြီး) ၆ ဖာလုံ၊ ပခုက္ကူ - လက်ပံခြေပေါ်လမ်း (ယခင်မြို့ရှောင်လမ်းမကြီး) ၃ မိုင် ၃ ဖာလုံကို လမ်းဦးစီးဌာနက အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဇော်(ဓာတု)


