ညောင်ဦး ၁၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ၊ ပခုက္ကမြို့ ပြည်သူ့ဆေးရုံကြီးတွင် လူနာများ ဆေးကုသရန်အတွက် သွေးလိုနေကြောင်း သိရ၍ ဇန်နဝါရီ ၁၆ ရက် ၊ နံနက် ၁၀ နာရီက ပုဂံမြို့ ရတနာဘုံစံတောရဓမ္မရိပ်သာကျောင်းဆရာတော် ဦးသာဂရ ဦးစီး တည်ထောင်ထားသည့် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ မြတ်စေတနာသွေးလှူရှင်အသင်းမှ အသင်းအဖွဲ့သားများက ပခုက္ကူမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဇီဝိတဒါန စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ မြတ်စေတနာ သွေးလှူရှင်အသင်းမှ အသင်းဝင်တစ်ဦးဖြစ်သူ ဦးဝင်းမင်းထွန်းထံမှ သိရသည်။

ပခုက္ကူမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသည့် လူနာများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရေး လိုအပ်နေသည့်သွေးအား အချိန်နှင့် တစ်ပြေးညီ ကုသပေးနိုင်ရန်အတွက် ဇီဝိတဒါန စုပေါင်းသွေးလှူဒါန်းရာတွင် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ မြတ်စေတနာ သွေးလှူရှင်အသင်းမှ အသင်းအဖွဲ့ဝင်များက အေသွေး ၈ လုံး ၊ ဘီသွေး ၄ လုံး ၊ အိုသွေး ၆ လုံး ၊ အေဘီသွေ ၁ လုံး ၊ စုစုပေါင်း သွေးပုလင်း ၁၉ လုံး အား တစ်ပျော်တစ်ပါး စုပေါင်း ဒါန်းပေးခဲ့ကြောင်းနှင့် သွေးလှူဒါန်းရာတွင် လိုအပ်သည်များကို ပခုက္ကူမြို့ သွေးလှူဘဏ်အသင်းမှ ပံ့ပိုးကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)