ပခုက္ကူ ၅ ဩဂုတ်  

 

ပခုက္ကူမြို့ အမှတ် ၁၄ ရပ်ကွက်၊ ရှေးဟောင်း သမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၊ ရေသွန်း ခံအဆောက်အအုံအနီး အပြင်ဘက်ကားလမ်းဘေးတွင် ဩဂုတ် ၄ ရက် နံနက် ၉ နာရီခန့်က ရေနုတ်မြောင်းတူးဖော်ရာမှ တွေ့ရှိရသော  လိုဏ်ခေါင်းထဲတွင် ထူးခြားမှုမတွေ့ရှိရကြောင်း သိရသည်။

 

အဆိုပါ လိုဏ်ခေါင်းပေါက်တွေ့ရှိပြီးနောက်  မြို့နယ်သံဃနာယက အဖွဲ့ဆရာတော်များ၊  ဩဝါဒါစရိယ ဆရာတော်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင် /မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးနှင့် ဂေါပကအဖွဲ့များ၊ ရှေးဟောင်းသုတေသနဌာန (ပုဂံဌာနခွဲ)မှ အင်ဂျင်နီယာ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့များ  ညှိနှိုင်းဆွေးနွေး၍ ဩဂုတ် ၄ ရက် မွန်းလွဲ ၁ နာရီတွင် လိုဏ်ခေါင်းအတွင်းသို့ ဆင်းသက်ကြည့်ကြသည်။

 

ထိုသို့ ကြည့်ရှု့ရာတွင် အလျား၈ပေ၊ အနံ ၄ ပေခွဲရှိ  အခန်း ၄ ခန်းတွေ့ရှိရပြီး၊ ဘုရားကြီး တည်ထားကိုးကွယ်စဉ်က ဘုရားဖူးများ လာရောက်ဖူးမျှော် ရေသပ္ပာယ်ရာတွင် ဘုရားရင်ပြင်ပေါ် ရေမတင်စေရန်အတွက် ရေထွက်ပေါက်အဖြစ် ပြုလုပ်ထားခြင်းသာ ဖြစ်နိုင်ကြောင်းနှင့် အခြား ထူးခြားမှုမတွေ့ရှိရကြောင်း သိရသည်။

 

ပခုက္ကူခရိုင်ပြန်/ဆက်