ပခုက္ကူ ၁၅ ဧပြီ
လတ်တလောဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပခုက္ကူမြို့အဝင်လမ်းများတွင် စောင့်ကြည့် စစ်ဆေးရေး ဂိတ်များထားရှိ၍ မတ်လ ၁၅ ရက်နေ့မှစတင်၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ကြကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲ တပ်ဖွဲ့နှင့် ရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဧပြီလ ၁၅ ရက်မှစ၍ ပခုက္ကူမြို့အဝင် ဧရာဝတီတံတားထိပ်၊ ပေါက် ၊မြိုင်၊ရေစကြိုအဝင်လမ်းများတွင် စောင့်ကြည့် စစ်ဆေးရေး ဂိတ်များ ထားရှိပြီး ဝင်ထွက်သွားလာသည့်ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများကို (၂၄)နာရီ အချိန်အပြည့် အလှည့်ကျစနစ်ဖြင့် စောင့်ကြည့်စစ်ဆေးကာ ခရီးသွား ပြည်သူများ၏ အခြေခံကျန်းမာရေး အချက်အလက်များကို မှတ်တမ်း ရယူသွားမည် ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး