ပခုက္ကူ ၊ ၃ ဖေဖော်ဝါရီ
အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်ပန္နက်တင် မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်နံနက် ၉ နာရီက ပခုက္ကူလေယာဉ်ကွင်း ဟောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးထွန်းမြိုင်၊မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်း၊မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဝေနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ ဒေါ်သန်းသန်းစိုး တို့က ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့် နေရာအသီးသီး၌ ပန္နက်ရိုက်ပြီး အမွှေးနံ့သာပက်ဖျန်းပေးကြသည်။
အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း ဝန်ထမ်းအိမ်ရာမှာ ၇၈ ပေ၊ ၉၄ ပေ ၄ ခန်းတွဲ(၄)ထပ် RC အဆောက်အအုံအမျိုးအစားဖြစ်ပြီး (၃)လုံး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော်(ပြန်/ဆက်)


