ပခုက္ကူ ၁၄ ဇွန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်နေကြသူ များအား ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီက ပခုက္ကူမြို့နယ်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရုံး၌ ကျင်းပသည်။
ထိုသို့ထောက်ပံ့ရာတွင် ဆွေသဟာလူမှုဖွံ့ဖြိုးရေးအဖွဲ့နှင့် အနာဂါတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်းတို့က လှူဒါန်းသည့် နှာခေါင်းစည်း (Mask)များ၊ Hand Gel ဘူး၊ အရက်ပျံ၊ ကာဘော်လိပ်ဆပ်ပြာ၊ PPE ဝတ်စုံ၊ ဆေးဖျန်းပုံး၊ အမှိုက်ပုံများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုနှင့် တာဝန်ရှိသူများက စေတနာ့ဝန်ထမ်းများအား အသီးသီးပေးအပ်ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


