ပခုက္ကူ အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ဝေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပြည်သူအားလုံးပါဝင်ပေး အသိပညာပေး လက်ကမ်း စာစောင်များကို အောက်တိုဘာ ၁၁ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာန မြဧရာ(၁)ခန်းမ၌ အခမဲ့ ဖြန့်ဝေပေးသည်။

ဖန်ခါးမြေလက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးမှကင်းဝေးစေလိုသည့် စေတနာ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအဓိကသတင်းစကား(၁၀)ချက်၊ ကူးစက်ရောဂါနှိမ်နင်းရေးဥပဒေနှင့် ကိုဗစ်-၁၉ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ စသည့်အသိပညာပေး အကြောင်းအရာများပါဝင်ပြီး လက်ကမ်းစာစောင် အစောင်ရေ(၁၀၀)ကို ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းဆရာ၊ ကျောင်းဆရာမများသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဟိန်းသူ(ပြန်/ဆက်)