ပခုက္ကူ ၂၁ ဧပြီ
ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းတွင် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သီဟိုဠ်ရှင်စေတနာဆေးခန်း မော်တော်ယာဉ်ကားဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သည့် ကျန်းမာရေးအကြောင်းအရာများကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော ပြည်သူများသို့ပန်ကြားချက် အကြောင်းအရာများ ကိုလည်းကောင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများလိုက်နာဆောင်ရွက်ရန် အခါအားလျော်စွာ ထုတ်ပြန်ကြေညာသည့် ဒေသန္တရအမိန့်များကိုလည်းကောင်း အသိပညာပေးနှိုးဆော်လျက်ရှိသည်။
ထို့အပြင် ပခုက္ကူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မျှဝေခြင်း အစီအစဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဓိကလမ်းများတွင် ဝင်ထွက်သွားကြသည့် ဒေသခံပြည်သူများအား နှားခေါင်းစည်း (Mask) များကို တစ်ခု(၂၅၀)ကျပ်ဖြင့် လိုက်လံမျှဝေရောင်းချကြပြီး ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)