ပခုက္ကူ ၄ ဇန်နဝါရီ

           

ပညာရေးဝန်ကြီးဌာန၊ ပခုက္ကူတက္ကသိုလ်မှ ပြန်လည်အပ်နှံခဲ့သည့် မြေဧရိယာ (၂၅.၉၆) ဧကအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ယာယီပုံစံ(၃) လျှောက်လွှာအား မူလပိုင်ရှင် တောင်သူများလက်ဝယ်ထံ ပေးအပ်ပွဲကို ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂) အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

 

mdn

 

အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းက ပညာရေးဝန်ကြီးဌာန၊ ပခုက္ကူတက္ကသိုလ်မှ ပြန်လည်အပ်နှံခဲ့သည့် မြေဧရိယာ (၂၅.၉၆) ဧကနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မကွေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်ကျော်က သိမ်းဆည်းခံမြေစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအကြောင်းကို အကျဉ်းချုပ် ရှင်းလင်းပြောကြားသည်။

 

mdn

           

ထို့နောက် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း၊ ပခုက္ကူမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် တာဝန်ရှိသူများက ပညာရေးဝန်ကြီးဌာန၊ ပခုက္ကူတက္ကသိုလ်မှ ပြန်လည်အပ်နှံခဲ့သည့် ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၃၈/၃၃၉)၊ ကွင်းပေါင်း (၂) ကွင်း၊ ဦးပိုင်ပေါင်း (၁၄) ခု၊ တောင်သူပေါင်း (၉) ဦး၊ ဧရိယာ (၁၁.၇၇)ဧကနှင့် ချောက်ကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၅၆/ခ)၊ ဦးပိုင်ပေါင်း (၄)ဦး၊ ဧရိယာ (၁၄.၁၉)ဧက စုစုပေါင်းမြေဧရိယာ (၂၅.၉၆)ဧကအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ယာယီပုံစံ(၃) လျှောက်လွှာအား မူလပိုင်ရှင် တောင်သူများလက်ဝယ်ထံ အသီးသီး ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး

 

mdn

 

mdn