ပခုက္ကူ မတ် ၂
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (ဗုဒ္ဓကုန်းဓာတ်အားခွဲရုံ)၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေးကို မတ် ၂ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပခုက္ကူမြို့ မြို့ရှောင်လမ်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း (ဗုဒ္ဓကုန်းဓာတ်အားခွဲရုံသို့ ကွင်းဆင်း၍ ဓာတ်အားခွဲရုံ တာဝန်ရှိသူများ လျှပ်စစ်ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောကြပြီး လျှပ်စစ်ဝန်ထမ်းများက အရေးပေါ် မီးငြှိမ်းသတ်နည်းများ လက်တွေ့ လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


