ပခုက္ကူမြို့၌ Miss & Mister Tourism and Culture Universe Magway and Pakokku 2020 Grand Final ပြိုင်ပွဲကျင်းပ

ပခုက္ကူ  ၃၀ ဒီဇင်ဘာ

 

Miss & Mister Tourism and Culture Universe Magway and Pakokku 2020 Grand Final ပြိုင်ပွဲကို ဒီဇင်ဘာ ၂၉ ရက် ညနေ ၆နာရီအချိန်က ပခုက္ကူမြို့၊ သီဟိုဠ်ရှင်ပြဇာတ်ရုံခန်းမ၌ ကျင်းပသည်။

 

01

 

ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ပွဲဖြစ်မြောက်ရေး (Sponsor) များနှင့် မိတ်ဆက် ပေးခြင်းများ ပြုလုပ်ကြပြီး Miss & Mister Tourism and Culture Universe Magway and Pakokku 2020 Grand Final ပြိင်ပွဲကျင်းပရေးတာဝန်ခံ City Director ဦးမိုးမြင့်မောင်မောင်အောင်က ကျေးဇူးတင်စကားပြောကြားသည်။

 

ဆက်လက်၍ ပြိုင်ပွဲဝင် အမျိုးသား (၇)ဦး၊ အမျိုးသမီး (၁၁)ဦး စုစုပေါင်း(၁၈)ဦးတို့က မိတ်ဆက်ဝတ်စုံ၊ ရိုးရာဝတ်စုံနှင့် ညနေခင်းပွဲတက်ဝတ်စုံများဖြင့် ဝင်ယှဉ်ပြိုင်ကြရာ အကဲဖြတ်ဒိုင်လူကြီးများမှ ရွေးချယ်သည့် Miss & Mister Photo Genic၊ Miss & Mister Congeniality၊ Miss & Mister Famous စသည့်  Title award ဆုများကို ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် Miss Top-5 နှင့် Mister Top-7 တို့ကို ထပ်မံရွေးချယ်ကြပြီး Miss & Mister အကြောင်းနှင့်ပတ်သက်သည့် မေးခွန်းများမေးမြန်း၍ ဖြေကြားနိုင်မှုများအပေါ် ဆုံးဖြတ်ရွေးချယ်ကာ 3rd Runner Up ၊ 2nd Runner Up ဆုများနှင့် winner ဆုများကို ပေးအပ်ချီးမြှင့်ကြ သည်။

 

02

 

အဆိုပါ ပြိုင်ပွဲတွင် winner ဆုများကို ပခုက္ကူမြို့မှ ကေခိုင်ကိုကို (Miss) နှင့် အောင်ပြည့်စုံ (Mister) ၊ မကွေးမြို့မှ အေဇင်သက်ထွန်း (Miss)နှင့် ဘုန်းမြတ်မောင် (Mister) တို့က ဆုများအသီးသီးရရှိကြပြီး အကဲဖြတ်ဒိုင်လူကြီးများအဖြစ် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အဆိုတော် မင်းသာကီ၊ စူပါမော်ဒယ် ပြည့်ကောင်းစုသန့်၊ Misses Pakokku 2018 1st Runner Up ဆုရှင် မဝင်းသီတာ၊ Cat Walk Trainer Model ခိုင်လေး၊ Mister Universe Pakokku 2018 Winner ဆုရှင် ရှင်းသန့်လွင်တို့မှ ပါဝင်ကူညီပေးကြကြောင်း၊ ပွဲဖြစ်မြောက်ရေး (Sponsor)များအဖြစ် ပခုက္ကူမြို့မှ ငွေလဝန်း ပွဲထိုင်ဇာနှင့် ပိုးထည်ချည်ထည် မိသားစု၊ အင်ကြင်းဖြူ အဆင့်မြင့်မော်တော်ယာဉ်လိုင်း၊ တော်ဝင်နန်းဟိုတယ်၊ ပိုးမွှေးချိုစားဖွယ်စုံ၊ မယံစန္ဒီဦး Fashion Home ၊ မဝင်းအိအိငြိမ်း Star Queen Fashion ၊  Pakokku GYM ၊ SM GYM ၊ ရှိရှဲဒိုး Beauty salon ၊ Noble Salon  မိတ်ကပ်လေပြေ၊ Union Photo Studio၊  Nero Photo Studio၊  လဝင်းသစ် Photo Studio၊ မြနှင်းဆီ Lady Fashion Store ၊ နွယ်ရီမွန် Online Shopping နှင့် BOB KTV & Restaurant တို့မှ ကူညီပံ့ပိုးပေးကြကြောင်းသိရသည်။

 

ဆလိုင်းကိုကီး