ပခုက္ကူ ၁၇ အောက်တိုဘာ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြန်မာ့အသံ ရေဒီယို၊ မြန်မာ့အသံချစ်သူများအဖွဲ့ တွေ့ဆုံပွဲကို ပခုက္ကူမြို့၊ ပြည်သာယာခန်းမ၌ အောက်တိုဘာလ၂၇ရက် နံနက်၉နာရီတွင် ကျင်းပမည် ဖြစ်သည်။
မြန်မာ့အသံချစ်သူအဖွဲ့ တွေ့ဆုံပွဲ တက်ရောက်လိုသူများ အဖွဲ့ဝင်လျှောက်လွှာများကို ပခုက္ကူခရိုင်အတွင်းရှိ ပြန်ဆက်ရုံးများတွင် အခမဲ့ ရယူလျှောက်ထားနိုင်ပြီး နေပြည်တော် မြန်မာ့အသံဖုန်း ဝ၉-၄၀ဝ၆၀၄၀၃၃၊ ဝ၉-၄၀ဝ၆၀၅၀၃၃၊ ဝ၆၇-၇၉၂၁၅ သို့လည်း အောက်တိုဘာလ ၁၈ ရက်နေ့အထိ ရုံးချိန်အတွင်း တိုက်ရိုက်စာရင်းပေးသွင်း လျှောက်ထား နိုင်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ့အသံဝိုင်းတော်သားများက မြန်မာ့အသံခေတ်ပေါ် တေးဂီတ အဖွဲ့နှင့်အတူ တေးသီချင်းများ၊ ရေဒီယိုအစီအစဉ် သရုပ်ဖော်တင်ဆက်မှုများဖြင့် တင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)


