ပခုက္ကူ မတ် ၁၈

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်နေပြည်သူများ ငလျင်ဘေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှန်းလဲ့လဲ့ဝေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်းပြီး ပခုက္ကူမြို့ အမှတ်(၁၊ ၂၊ ၃)ရပ်ကွက်များရှိ ပြည်သူများထံ အသိပညာပေးနှိုးဆော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)