ပခုက္ကူ ဒီဇင်ဘာ ၂၇

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများအား အများပြည်သူ အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။     

 

နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ဖြစ်သည့် မဲစာရင်းများစစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ယင်းကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ကုစားပေးနေမှု၊    တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုများနှင့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အထွေထွေရွေးကောက်ပွဲကျင်းပရေး တွေ့ဆုံဆွေး‌နွေးမှု မှတ်တမ်းဓာတ်ပုံများနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မှတ်တမ်းဓာတ်ပုံများ၊ ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများ ပါဝင်သော ဗီနိုင်းပိုစတာများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသဆောင်ရွက်ထားကြောင်း သိရသည်။   

 

ဟိန်းသူ(ပြန်/ဆက်)