ပခုက္ကူ   မတ်   ၂၅

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ တစ်လုံးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာခိုင်နှုန်း ၆၀ ကျော် ပြီးစီးနေပြီဖြစ်သည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၉၈၉ သန်းဖြင့် ရှစ်ခန်းတွဲ ငါးထပ် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတစ်လုံးကို တင်ဒါအောင်မြင်သည့် မန်းဧရာဝတီဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်သည်။ အဆောက်အအုံ၏အကျယ်အဝန်းမှာ စတုရန်ပေ ၃၃၈၂၂ ရှိပြီး တစ်ထပ်လျှင် အိမ်ခန်း ရှစ်ခန်းပါရှိကာ ငါးထပ်အဆောက်အအုံဖြစ်သည်။ တည်ဆောက်မှုလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းစံချိန်စံညွှန်းနှင့်ကိုက်ညီစွာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)