ပခုက္ကူ နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဘဲကြီးကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နိုဝင်ဘာလ၈ရက် နံနက် ၉ နာရီမှ စတင်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးကြသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးထိန်လင်းသိန်း၏အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းဦးဆောင်၍ ဒုတိယလဝကမှူး ဒေါ်စန်းစန်းထွေးနှင့် ဝန်ထမ်းလေးဦးတို့က ဘဲကြီးကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား-၁၁ကတ်၊ မ-၈ကတ်၊ ပေါင်း ၁၉ကတ်၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ကျား-၁၀ကတ်၊ မ-၁၅ကတ်၊ ပေါင်း၂၅ကတ်၊ စုစုပေါင်းနိုင်ငံသားစိစစ်ရေးကတ်ပြား ၄၄ကတ် တို့အား နေ့ချင်းပြီး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ အသက်(၁၀)နှစ်မှ (၁၈)နှစ်ထိ နိုင်ငံသားစိစစ်ရေး ကတ်ပြားလဲလှယ်သူနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးသူများအနေဖြင့် ရုံးတွင်လာရောက်လျှောက်ထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းက ပြောသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


