ပခုက္ကူ ၁၁  ဇူလိုင် 


နို့ပေါင်းစက်အခြေပြု နို့စားနွားမွေးမြူရေးစီမံကိန်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍  ပခုက္ကူမြို့ နယ်၊ ကျွန်းကြီးအင်းဝိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ နွားနို့နှင့် ကြက်ဥတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။


အဆိုပါကျောင်းရှိ ကျောင်းသား ကျောင်းသူ (၂၃၀) ဦးတို့အား  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမြမင်းဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်ဝင်းနှင့် တာဝန်ရှိသူများက နွားနို့နှင့် ကြက်ဥများတိုက်ကျွေးခဲ့ကြကြောင်း သိရသည်။


ယခုပညာသင်နှစ်တွင် တတိယအကြိမ်တိုက်ကျွေးခြင်းဖြစ်ပြီး ဆက်လက်၍ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊ ယမန်နှစ်ပညာသင်နှစ် ၂၀၁၈ ဇွန်လမှ ၂၀၁၉ ဖေဖော်ဝါရီလအထိ ကျောင်း(၁၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူဦးရေ  ၁၂၉၅ ဦးကို အခမဲ့ အာဟာရတိုက်ကျွေးခဲ့ကြောင်း သိရသည်။


ကိုဇော်(ဓာတု)