ပခုက္ကူ ၁၈ ဖေဖော်ဝါရီ
ပခုက္ကူမြို့နယ်၊ ကျွန်းကလေးကျေးရွာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းသို့ နိုင်ငံခြားခရီးသွား ဧည့်သည်များ ဖေဖော်ဝါရီ ၁၇ ရက်နေ့က လာရောက်လည်ပတ်ခဲ့ကြသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံခြားသားဧည့်သည် (၄)ဦးနှင့် ဧည့်လမ်းညွှန်နှစ်ဦးလာရောက် လည်ပတ်ကြောင်း၊ ကျွန်းကလေး ကျေးရွာ၊ ရွာခွဲတာဝန်ခံ ဦးမြင့်နိုင်က ပြောသည်။
ကျွန်းကလေးကျေးရွာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ဖွင်လှစ်ခဲ့ပြီး Action Aid Myanmar က ခရီးသွားလုပ်ငန်းဆိုင်ရာ နည်းပညာများကို အဓိက ကူညီပံ့ပိုးပေးခြင်း ဖြစ်သည်။ ခရီးသွားဧည့်သည်များအနေဖြင့် ဒေသသနပ်ခါးဈေး၊ ကျေးရွာသဘာဝ ရိုးရာဓလေ့၊ ဧရာဝတီမြစ်ကမ်းအလှ၊ ကျေးရွာအနီးပတ်ဝန်းကျင်ရှိ စိုက်ခင်းများ၊ ဒေသရိုးရာ အစားအစာ များကို လှည့်လည်လေ့လာနိုင်ပြီး နွားလှည်းစီးပြီး လှည့်ပတ်ကြည့်ရှရန် စီစဉ်ပေးထားကြောင်း သိရသည်။
ကျွန်းကလေးကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းသို့ ၂၀၁၉-ခုနှစ်အတွင်း၊ နိုင်ငံခြားသား ခရီးသွား ဧည့်သည် (၁၆၃) ဦး၊ ၂၀၂၀-ပြည့်နှစ်၊ ဇန်နဝါရီလတွင် (၂၆)ဦးနှင့်ဖေဖော်ဝါရီလအတွင်း (၂၇)ဦး လာရောက်ခဲ့ပြီး ရရှိသည့်ဝင်ငွေမှ ကျေးရွာဖွံ့ဖြိုးရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဇော်(ဓာတု)


