ပခုက္ကူ ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကွန်းရွာကျေးရွာတွင် ဘက်စုံသုံးမုန်တိုင်းဘေးဒဏ်ခံ အဆောက်အဦ ( Multi-Purpose Shelter) ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှု အခြေအနေများအား ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့စစ်ဆေးရာ ပခုက္ကူမြို့နယ်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ၊ ခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်)ခွင့်ပြုငွေကျပ် ၁၈၃ ဒသမ ၆၃၅ သန်းဖြင့် အကောင်အထည်ဖော်တည်ဆောက်ခဲ့သည့် အလျား ပေ ၇၀၊ အနံပေ ၆၀၊ အမြင့် ၂၁ ပေရှိသည့် ဘက်စုံသုံးမုန်တိုင်းဘေးဒဏ်ခံ (Multi-Purpose Shelter) အဆောက်အဦ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး တာဝန်ယူတည်ဆောက်သည့် Best Synergy Construction ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများနှင့်တွေ့ဆုံကာ လုပ်ငန်းရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် အကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)