ပခုက္ကူ နိုဝင်ဘာ၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်း(ကုန်စည်ဒိုင်) အား ကိုဗစ်-၁၉ ရောဂါများ မြင့်မားလာသည့်အတွက် ယာယီပိတ်ထားခဲ့ရာ ကိုဗစ်-၁၉ရောဂါကူးစက်မှု လျော့နည်း လာသည့်အတွက် ပြည်သူများ အရောင်းအဝယ်အဆင်ပြေနိုင်စေရန် နိုဝင်ဘာ၄ရက် မှစ၍ ပြန်လည်ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။
ကုန်စည်ဒိုင်အတွင်းသို့ နံနက်၆ နာရီမှ နံနက်၁၁နာရီခွဲအချိန်အထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အသင်းဝင်နှင့်ကိုယ်စားလှယ်တစ်ဦးအား အရောင်းအဝယ် ပြုလုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်ကုန်သည်ပွဲစားများအသင်းထံမှ သိရသည်။
ဟိန်းသူ(ပြန်/ဆက်)


