ပခုက္ကူမြို့နယ် မယ်ဇလီပင်ကုန်းကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်

ပခုက္ကူ  ၂၄ ဧပြီ

 

 

ပခုက္ကူမြို့နယ် မယ်ဇလီပင်ကုန်းကျေးရွာတွင် ယနေ့ နံနက် ၈ နာရီခန့်က နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

 

1

 

ဖြစ်စဉ်မှာ မယ်ဇလီပင်ကုန်းကျေးရွာနေ ဦးမြမောင်(၈၁)နှစ်သည် ထမင်းအိုးတည်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နှစ်ထပ်သွပ်မိုးထရံကာ အိမ်တစ်လုံး ဆုံးရှုံးခဲ့သည်။

 

 

မီးလောင်မှုဖြစ်ပွားရာသို့ ပခုက္ကူခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ  နံနက် ၉ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

 

ကိုတမာ

 

1